အပေးအယူလုပ်ပြီး လျှော့ပေးဖို့ မရှိဘူးလို့ ရုရှားတုံ့ပြန်

ဗီဒီယို ပုံစာ, အပေးအယူလုပ်ပြီး လျှော့ပေးဖို့ မရှိဘူးလို့ ရုရှားတုံ့ပြန်
အပေးအယူလုပ်ပြီး လျှော့ပေးဖို့ မရှိဘူးလို့ ရုရှားတုံ့ပြန်

ရုရှား အနေနဲ့ ယူကရိန်းကနေ ဆုတ်ခွာ သွားမှာ မဟုတ်ဘဲ သမ္မတ ပူတင်ရဲ့ စကားအရဆိုရင် သူတို့ပိုင်ဆိုင်ထားပြီးသား ကို ပြန်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ယူကရိန်း စစ်ပွဲမှာ ကျဆုံးသွားတဲ့ ရုရှား စစ်သားတွေရဲ့ မိခင်တွေ၊ ဇနီးတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ရုရှား နိုင်ငံပိုင် မီဒီယာတွေမှာတော့ အခုအခါမှာ ရုရှား နဲ့ အမေရိကန်ဟာ မိတ်ဖက်တွေ ဖြစ်နေကြပြီ ဆိုပြီးတော့လည်း ဖော်ပြနေပါတယ်။ ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတီဗ် ရိုဇင်ဘာ့ဂ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။