ရန်ကုန်စက်မှုဇုန် လုပ်သားတွေ ဖိအားပေး စစ်သားစုဆောင်းခံရ

ဗီဒီယို ပုံစာ, ရန်ကုန်စက်မှုဇုန် လုပ်သားတွေ ဖိအားပေး စစ်သားစုဆောင်းခံရ
ရန်ကုန်စက်မှုဇုန် လုပ်သားတွေ ဖိအားပေး စစ်သားစုဆောင်းခံရ

ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေကို စစ်တပ်က စစ်မှုထမ်း လူသစ်ရရှိဖို့အတွက် အတင်းအကျပ် ဖိအားပေး ခေါ်ဆောင်တာတွေ များလာပြီး ဒီနှစ်ဆန်းပိုင်းကနေ ဇွန်လအထိ အလုပ်သမား ၅၀ ဝန်းကျင်အထိ ခေါ်ဆောင်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်‌ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။ အလုပ်သမားတွေကို ဘယ်လိုပုံစံနဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတွေဆီပို့ဆောင်နေတာပါလဲ။ အပြည့်အစုံကို ကိုသန့်ဇင်က ပြောပြမှာပါ။