သမ္မတ ထရမ့် ဘီဘီစီကို တရားစွဲ

ဗီဒီယို ပုံစာ, သမ္မတ ထရမ့် ဘီဘီစီကို တရားစွဲ
သမ္မတ ထရမ့် ဘီဘီစီကို တရားစွဲ

အမေရိကန် သမ္မတ ထရမ့်က ဘီဘီစီရဲ့ ပန်နိုရားမား သတင်းမှတ်တမ်း ရုပ်သံ တခုမှာ သူ့ ရဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက် မိန့်ခွန်းကို တည်းဖြတ်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ နစ်နာကြေး ဒေါ်လာ ၅ ဘီလျံပေးဖို့ ဘီဘီစီကို တရားစွဲလိုက်ပါတယ်။ မစ္စတာ ထရမ့်က ဘီဘီစီက သူ့ကို အသရေဖျက်တယ်၊ ကုန်သွယ်စည်းကမ်း ဥပဒေကို ဖောက်ဖျက်တယ်လို့ ဖလော်ရီဒါက တရားရုံးမှာ စွဲဆိုတဲ့ အမှုစာရွက်စာတမ်းတွေထဲမှာ စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ လ အတွင်းက ဘီဘီစီက သမ္မတထရမ့်ကို တောင်းပန်ခဲ့ပေမဲ့ သူ့ကို နစ်နာကြေး ပေးရမယ် ဆိုတာနဲ့ ပတ်သက်လို့တော့ လက်မခံခဲ့ဘဲ ဘာအသရေဖျက်တာမျိုးမှ မရှိတဲ့အကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိက ရေးရာ သတင်းထောက် ပီတာ ဘိုးစ် ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြပေးမှာပါ။