မြောက်ပိုင်း ညီနောင်အဖွဲ့တွေ အကြောင်း စစ်ခေါင်းဆောင် ပြောဆို
မြောက်ပိုင်း ညီနောင်အဖွဲ့တွေ အကြောင်း စစ်ခေါင်းဆောင် ပြောဆို
စစ်အာဏာသိမ်းပြီး လေးနှစ်နီးပါးအကြာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်နေပြီး မနေ့က တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ချိန်မှာ မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့လုပ်ဆောင်ချက်ပြမှ ဆွေးနွေးမှုတွေ လုပ်မယ်လို့ ပြောခဲ့ပါတယ်။ တဆက်တည်းမှာပဲ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဟာ ဝပြည်နယ်ထဲမှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC နဲ့ အစည်းအဝေးလုပ်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသန့်ဇင်က ပြောပြပေးမှာပါ။



