ထိုင်း မြန်မာ နယ်စပ် ကျားဖြန့် လုပ်ငန်း စတားလင့်ခ် သုံးပြီး ခေါင်းထောင်လာ

ဗီဒီယို ပုံစာ, ထိုင်း မြန်မာ နယ်စပ် ကျားဖြန့် လုပ်ငန်း စတားလင့်ခ် သုံးပြီး ခေါင်းထောင်လာ
ထိုင်း မြန်မာ နယ်စပ် ကျားဖြန့် လုပ်ငန်း စတားလင့်ခ် သုံးပြီး ခေါင်းထောင်လာ

ထိုင်း မြန်မာ နယ်စပ်မှာ အခြေစိုက်ထားတဲ့ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင် ငွေလိမ် လုပ်ငန်းတွေဟာ ထိုင်းအစိုးရ ဘက်က လျှပ်စစ်မီးနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားတဲ့ ကြားကပဲ စတားလင့်ခ် အင်တာနက်ကို သုံးပြီး ငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စတားလင်ခ့် ကုမ္ပဏီကိုလည်း အမေရိကန် ကွန်ဂရက်မှာ ရှိတဲ့ ကော်မတီက စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ စတားလင့်ခ် အသုံးပြုခွင့် ရပ်တန့်သွားမလား ဆိုပြီး စစ်တပ်ရဲ့ အင်တာနက် ဖြတ်တောက်မှုကို ခံထားရတဲ့ ဒေသမှာ နေထိုင်သူတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုရင်မောင်က ပြောပြပေးမှာပါ။