နတ်ရေကန်စခန်း တိုက်ပွဲ ပြင်းထန်

ဗီဒီယို ပုံစာ, နတ်ရေကန်စခန်း တိုက်ပွဲ ပြင်းထန်
နတ်ရေကန်စခန်း တိုက်ပွဲ ပြင်းထန်

ရခိုင်ရိုးမကို ဖြတ်ဖောက်လုပ်ထားပြီး ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းဟောင်းပေါ်မှာရှိတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက ကမ္ဘာလုံးစခန်းခေါ် နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ စစ်တပ်ဘက်ကလည်း စစ်ကူတွေပို့ပြီး အပြင်းအထန် ခုခံနေတယ်လို့ ဆိုပါတယ်။ အဲဒီစခန်းက စစ်တပ်အတွက် ဘယ်လောက်အရေးပါနေလဲ။ ကိုဝေဖြိုးပြောပြပေးပါမယ်။