မေလ ၉ ရက် အစုလိုက် သေကြေမှုများ

ဗီဒီယို ပုံစာ, မေလ ၉ ရက် အစုလိုက် သေကြေမှုများ
မေလ ၉ ရက် အစုလိုက် သေကြေမှုများ

စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုကြောင့် ဆောမြို့နယ် အကြည်ပန်းပလွန်ရွာမှာ မေလ ၉ ရက် မနေ့က လူ ၂၀ ထက် မနည်း သေဆုံးခဲ့ရပါတယ်။ တခါ မြင်းခြံမြို့နယ်က ဆုံရွာမှာတော့ ပြည်သူ့စစ်နဲ့ PDF တို့ရဲ့ တိုက်ပွဲကြောင့် ရွာခံ ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် မနေ့က တစ်ရက်တည်းမှာတင် လူ၅၀ ထက် မနည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ တစ်ရက်တည်း နေရာ တစ်ခုစီက အစုလိုက် သေကြေပျက်စီးမှုတွေ ဖြစ်ခဲ့ရတဲ့ အခြေအနေကို ကိုဘိုဘိုက ပြောပြပေးမှာပါ။