အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် မြန်မာ့အရေး သီးခြားဆွေးနွေး

ဗီဒီယို ပုံစာ, အာဆီယံ ညီလာခံ မတိုင်ခင် မြန်မာ့အရေး သီးခြားဆွေးနွေးခဲ့
အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် မြန်မာ့အရေး သီးခြားဆွေးနွေး

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံခေါင်းဆောင်တွေ မလေးရှားနိုင်ငံကို စတင်ရောက်ရှိနေပါပြီ။ စစ်ခေါင်းဆောင်ကိုဖယ်ထုတ်ထားတဲ့ ဒီထိပ်သီးအစည်းအဝေးကို တက်ဖို့ မြန်မာက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ကိုစေလွှတ်ထားပါတယ်။ မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်ကိုအကောင်အထည်ဖော်ဖို့ အလွတ်သဘောဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတရပ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဦးဆောင်ပြီး ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုဘိုဘိုက ဆက်ပြောပြမှာပါ ။