ဘန်ကောက်ဘဏ် အကောင့်တချို့ကို ယာယီပိတ်သိမ်း
ဘန်ကောက်ဘဏ် အကောင့်တချို့ကို ယာယီပိတ်သိမ်း
ဘန်ကောက်ဘဏ်ကနေ ယာယီ ပိတ်သိမ်းလိုက်တဲ့ အကောင့်တွေထဲ မြန်မာနိုင်ငံသားတွေ အသုံးပြုနေတဲ့ဘဏ်အကောင့်တွေ အများအပြားပါဝင်နေပြီး လက်ရှိ ငွေအဝင်အထွက် ဘာမှ အသုံးပြုလို့မရတော့ပါဘူး။ အဲဒီအကောင့်တွေ ပြန်လည်အသုံးပြုခွင့်ရဖို့ သက်ဆိုင်ရာဘဏ်ကို အထောက်အထားအပြည့်အစုံနဲ့ တစ်လအတွင်းလာရမယ်လို့ ဘဏ်ကပြောပေမဲ့ အလည်အပတ်ဗီဇာနဲ့ဖွင့်ထားတဲ့ အကောင့်တွေ ပြန်အသုံးခွင့်ရမလား သေချာမသိရသေးပါဘူး။ ကိုယ်တိုင်ဘဏ်ကိုသွားခဲ့သူတွေနဲ့ ဘဏ်နဲ့နီးစပ်သူတွေပြောဆိုမှုအရ အကောင့်ထဲက ငွေတွေတော့ ပြန်ထုတ်လို့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြထားပါတယ်။



