နောင်ချို ပြန်ရဖို့ စစ်တပ် အပြင်းအထန် ထိုးစစ်ဆင်

ဗီဒီယို ပုံစာ, နောင်ချို ပြန်ရဖို့ စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်
နောင်ချို ပြန်ရဖို့ စစ်တပ် အပြင်းအထန် ထိုးစစ်ဆင်

စစ်ကောင်စီက သူတို့လက်လွှတ်ထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို ပြန်ရဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ သုံးလကျော် ရှိနေပါပြီ။ စစ်ကောင်စီဘက်က မြေပြင်၊ ဝေဟင်နဲ့ ဒရုန်းတွေနဲ့ပါ တိုက်စစ်ဆင်နေပြီး တအားန်းတပ် TNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေဘက်က လက်လွှတ်ရတဲ့ နေရာတချို့ရှိလာနေတယ်လို့ မြေပြင်စစ်ရေးသတင်းတွေက ဖော်ပြနေပါတယ်။ TNLA ဟာ လက်ရှိမှာ စစ်ကောင်စီတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ပါ ထိတွေ့မှုရှိတဲ့ အခြေအနေ ဖြစ်နေတာပါ။ စစ်မျက်နှာနှစ်ခု ရင်ဆိုင်နေရတဲ့ TNLA ဟာ နောင်ချိုကို လက်လွှတ်ရတော့မှာလား။ TNLA ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။ ကိုကျော်ဇေယျက ပြောပြပေးမှာပါ။