အမေရိကန် သမ္မတကို ဗြိတိန် တော်ဝင်မိသားစုတွေ ဘယ်လို ဧည့်ခံခဲ့သလဲ
အမေရိကန် သမ္မတကို ဗြိတိန် တော်ဝင်မိသားစုတွေ ဘယ်လို ဧည့်ခံခဲ့သလဲ
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို ဗြိတိန် ရဲ့ ချားစ် ဘုရင်နဲ့ တော်ဝင် မိသားစုက မနေ့က မင်းခမ်းမင်းနားနဲ့ ကြိုဆိုခဲ့ပြီးနောက် သမ္မတ ခရီးစဉ် နောက်ဆုံးနေ့မှာတော့ ဗြိတိန် အစိုးရ အကြီးအကဲ ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
သမ္မတ ထရမ့်ဟာ ချားစ် ဘုရင်ကို နုတ်ဆက်ကာ ဝင်ဆာ ရဲတိုက်ကနေ ဒီကနေ့ မနက်ပိုင်းမှာ ထွက်ခွာခဲ့ပြီး ဝန်ကြီးချုပ် ရဲ့ ကျေးလက် စံအိမ် ရှိရာ ချက်ကာစ်ကို သွားရောက်ခဲ့ပါတယ်။ သမ္မတ နဲ့ ဝန်ကြီးချုပ် တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကိုလည်း ကျင်းပနေပါတယ်။
အမေရိကန် သမ္မတ ရဲ့ ဒုတိယ အကြိမ်မြောက် သမိုင်းဝင် ခရီးစဉ်ကို ဗြိတိန် တော်ဝင် မိသားစုက ဘယ်လို ဂုဏ်ပြု ဧည်ခံခဲ့ပါသလဲ။ ဘီဘီစီ သတင်းထောက် ဂျော်ဂျီရာ ရောဘတ်စ် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။



