ရုရှားရင်းနှီးမြှုပ်နှံမှုအတွက် ထားဝယ်မှာ ကြိုပြင်ဖို့ စစ်ကောင်စီပြော

ဗီဒီယို ပုံစာ, ထားဝယ်မှာ ရုရှားရင်းနှီးဖို့ ကြိုတင်ပြင်ဆင်ရန် စစ်ကောင်စီပြော
ရုရှားရင်းနှီးမြှုပ်နှံမှုအတွက် ထားဝယ်မှာ ကြိုပြင်ဖို့ စစ်ကောင်စီပြော

စစ်ခေါင်းဆောင်က သူ့ရဲ့ရုရှားခရီးစဥ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်ပြန်လည်စတင်နိုင်ဖို့ ရုရှားနဲ့ ပူးပေါင်းနိုင်တာကြောင့် အားရကျေနပ်ကြောင်းပြောပြီး နောက်ရက်မှာပဲ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေ ထားဝယ်မှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ စာရင်းရှင်းလင်းရမယ့်ကိစ္စတွေ အမြန်ရှင်းလင်းဖို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့က ပြောလာပါတယ်။ ဒုစစ်ခေါင်းဆောင်ပြောတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်က ရှင်းလင်းရမယ့်ကိစ္စတွေက ဘာတွေပါလဲ။ ဒီသတင်းကို ကိုသန့်ဇင်က ပြောပြမှာပါ။