ဂရင်းလန်းနဲ့ ပနားမားတူးမြောင်းကို ထရမ့် ထိန်းချုပ်လို
အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ သီတင်း ၂ ပတ်တောင် မလိုတော့တဲ့ ဒေါ်နယ်ထရမ့်က ဂရင်းလန်းနဲ့ ပနားမား တူးမြောင်းတွေကို ထိန်းချုပ်ဖို့ လိုလားတဲ့ အကြောင်း ထပ်လောင်းပြောကြား လိုက်ပါတယ်။ သူက တိုင်းပြည်ရဲ့ စီးပွားရေး လုံခြုံမှု ရှိစေဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ မစ္စတာ ထရမ့်က ဖလော်ရီဒါက သူ့နေအိမ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောကြားခဲ့တာပါ။ သူ့သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာဟာလည်း ဂရင်းလန်းကို သွားရောက်ခဲ့ပါတယ်။ သူကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် အဲဒီက လူတွေနဲ့ တွေ့ဆုံဖို့ သွားခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပနားမားနဲ့ ဒိန်းမတ် ခေါင်းဆောင်တွေကတော့ ဒီ ပနားမား တူးမြောင်းနဲ့ ဒိန်းမတ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကို အမေရိကန်က ထိန်းချုပ်လိုတဲ့ အကြံကို ပယ်ချလိုက်ကြပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိကရေးရာ အယ်ဒီတာ ဆာရာစမစ်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။



