စစ်ကောင်စီ လွတ်ငြိမ်းခွင့် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်
စစ်ကောင်စီ လွတ်ငြိမ်းခွင့် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်
မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ဒီကနေ့မှာ နိုင်ငံတဝန်း အကျဥ်းထောင်တွေထဲက အကျဥ်းသား၊ အကျဥ်းသူ ၄၉၀၀ နီးပါးကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ် ကျခံနေရဆဲ အမှုတချို့ကို ပြစ်ဒဏ် ရဲ့ ၆ ပုံ ၁ ပုံလျှော့ပေးခဲ့တဲ့ လွတ်ငြိမ်း သက်သာခွင့် အမိန့်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား အရေအတွက် အနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။ မသူဇာလင်းက သတင်းပေးပို့ထားပါတယ်။



