အစ္စရေး-အီရန် စစ်ပွဲ အမေရိကန် ပိုမိုပါဝင် ပတ်သက်မလား

ဗီဒီယို ပုံစာ, အစ္စရေး အီရန် စစ်ပွဲ အမေရိကန် ပိုမိုပါဝင် ပတ်သက်မလား
အစ္စရေး-အီရန် စစ်ပွဲ အမေရိကန် ပိုမိုပါဝင် ပတ်သက်မလား

ဘီဘီစီရဲ့ မိတ်ဖက် စီဘီအက်စ် အမေရိကန် သတင်းဌာနက သမ္မတ ထရမ့်ဟာ အဲဒီစစ်ပွဲတွေ အတွင်း အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို တိုးမြှင့်မလား ဆိုတာ စဉ်းစားနေကြောင်း ပြောပါတယ်။ မစ္စတာ ထရမ့်က သူ့ရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့နဲ့ အင်္ဂါနေ့က အစည်းအဝေး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လို ဆက်လုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ သမ္မတရဲ့ အကြံပေးတွေအကြားမှာ သဘောကွဲလွဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။