ဒီမိုကရက်တစ်ပါတီရဲ့ ဒု-သမ္မတလောင်း ကြေညာ
ဒီမိုကရက်တစ်ပါတီရဲ့ ဒု-သမ္မတလောင်း ကြေညာ
အမေရိကန် ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကနေ သမ္မတနေရာမှာ ဝင်ရောက် အရွေးခံမယ့် လက်ရှိ ဒုတိယသမ္မတ ကမလာ ဟဲရစ်က သူနဲ့အတူ ဒု-သမ္မတ နေရာကနေ ရွေးကောက်ပွဲ ဝင်မယ့်သူကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဖီလာဒဲလ်ဖီးယားမှာ ကျင်းပတဲ့ ပါတီညီလာခံမှာ ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယ သမ္မတလောင်း အဖြစ် မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ် ဝါ့လ်ဇ်ကို ရွေးချယ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။



