ထရမ့်နဲ့ ဆွေးနွေးဖို့ ဇလန်းစကီး အမေရိကန်ရောက်
ထရမ့်နဲ့ ဆွေးနွေးဖို့ ဇလန်းစကီး အမေရိကန်ရောက်
ယူကရိန်း သမ္မတ ဇလန်းစကီးဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးဖို့ အတွက် ဝါရှင်တန်မြို့တော်ကို ရောက်ရှိလာပါတယ်။ သူတို့ နှစ်ဦးဟာ ဒီနေ့နှောင်းပိုင်းမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ယူကရိန်း သမ္မတနဲ့ အတူ တခြား ဥရောပနိုင်ငံတချို့က ခေါင်းဆောင်တွေလည်း လိုက်ပါလာကြပါတယ်။ အဲဒီ ခေါင်းဆောင်တွေလည်း သမ္မတထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ ကြဖို့ ရှိပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုးအင်ဝုဒ် ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



