အာဆီယံမှာ မြန်မာစစ်ခေါင်းဆောင်ကို ဆက်ပိတ်ပင်
အာဆီယံမှာ မြန်မာစစ်ခေါင်းဆောင်ကို ဆက်ပိတ်ပင်
မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ အာဆီဘုံသဘောတူညီချက်တွေ အခုထိ အာဏာသိမ်းစစ်တပ်က အကောင်အထည်မဖော်နိုင်တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုပါ မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ မလေးရှားမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး စစ်ခေါင်းဆောင်ရဲ့ဖိတ်ခေါ်မှုကိုလည်း လွှတ်မယ်မလွှတ်ဘူး မဆုံးဖြတ်ဘဲ မှတ်သားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မစန္ဒာဝင်းက ပြောပြမှာပါ။



