လက်ဘနွန်နဲ့ အနောက်ဘက်ကမ်း ဒေသကို အစ္စရေး ဗုံးကြဲမှုတွေ ဆက်လုပ်

ဗီဒီယို ပုံစာ, လက်ဘနွန်နဲ့ အနောက်ဘက်ကမ်း ဒေသကို အစ္စရေး ဗုံးကြဲမှုတွေ ဆက်လုပ်
လက်ဘနွန်နဲ့ အနောက်ဘက်ကမ်း ဒေသကို အစ္စရေး ဗုံးကြဲမှုတွေ ဆက်လုပ်

အစ္စရေးက လက်ဘနွန်တောင်ပိုင်းနဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသကို မနေ့ညက ဆက်ဗုံးကြဲနေတဲ့ အတွက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။ ဘေရွတ် လေဆိပ်နားက ဟစ်ဇ်ဘိုလာရဲ့ အဓိက နယ်မြေဖြစ်တဲ့ ဒါဟိယာ ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာကိုလည်း တွေ့မြင်နေရပါတယ်။ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နက်ဆရဲလား ရဲ့ ဝမ်းကွဲ ညီအစ်ကို တော်စပ်သူလည်း ဖြစ် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဖြစ်လာနိုင်တယ်ဆိုတဲ့ ဟာရှန်း ဆာဖီးဒင်ကို အစ္စရေးက အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဘီဘီစီ သတင်းထောက် ဟူဂို ဘရှေးဂါး ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။