သပိတ်ကျင်းကို စစ်ကောင်စီ ပြန်ရ

ဗီဒီယို ပုံစာ, သပိတ်ကျင်းကို စစ်ကောင်စီ ပြန်ရ
သပိတ်ကျင်းကို စစ်ကောင်စီ ပြန်ရ

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တနှစ်နီးပါး သိမ်းယူထားတဲ့ သပိတ်ကျင်းမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ဇူလိုင် ၂၂ ရက် ညပိုင်းမှာ ပြန်လည်သိမ်းယူ နိုင်ခဲ့တယ်လို့မြေပြင် စစ်ရေး သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။ သပိတ်ကျင်းဟာ လက်နက်ကိုင်တပ်တွေအတွက် ဘယ်လိုအရေးပါပါသလဲ။ သပိတ်ကျင်းမြို့ကို ရပြီးနောက်မှာ ဘယ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာနိုင်ပါသလဲ။ သပိတ်ကျင်းမြို့ပေါ်ကနေ ပြန်လည်လက်လွှတ်လိုက်ရတဲ့ မန္တလေးပီဒီအက်ဖ်နဲ့ မဟာမိတ်တပ်တွေနောက်ဆက်တွဲ ဘယ်လိုဆက်ရှိနေပါသလဲ။ ဒီအကြောင်း မစန္ဒာ ပြောပြမှာပါ။