စစ်မှုထမ်းဖို့ အမျိုးသမီးတွေကိုပါ စတင်စာရင်းကောက်ယူ

ဗီဒီယို ပုံစာ, စစ်မှုထမ်းဖို့ အမျိုးသမီးတွေကိုပါ စတင်စာရင်းကောက်ယူ
စစ်မှုထမ်းဖို့ အမျိုးသမီးတွေကိုပါ စတင်စာရင်းကောက်ယူ

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံတဝန်းမှာ လူငယ်အမျိုးသားတွေ အပြင် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ စတင်စာရင်းကောက်ယူတာတွေလုပ်ဆောင်လာပါတယ်။ တချို့နေရာတွေမှာဆို အိမ်ထောင်သည်အမျိုးသမီးတွေကိုပါ စာရင်းထည့်ကောက်တာတွေ လုပ်လာနေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ ကင်းလွတ်ခွင့်အမျိုးအစားထဲမှာ ပါဝင်သူတွေကိုပါ ဘာကြောင့် ထည့်ကောက်နေတာပါလဲ။ အမျိုးသမီးစစ်မှုထမ်းသင်တန်းတွေရော စဖွင့်တော့မှာလား။ ဒီသတင်းကို ကိုသန့်ဇင်က ဆက်ပြောပြမှာပါ။