ယူကရိန်းငြိမ်းချမ်းရေး အမေရိကန်နဲ့ ရုရှား ဆွေးနွေးမယ်

ဗီဒီယို ပုံစာ, p0krtcnq
ယူကရိန်းငြိမ်းချမ်းရေး အမေရိကန်နဲ့ ရုရှား ဆွေးနွေးမယ်

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်နဲ့ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အကြံပေးတို့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့အတွက် ဒီနေ့ ဆော်ဒီအာရေဗျကို ခရီးနှင်မယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုကလည်း ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နိုင်ကြမှာ ဖြစ်တယ်ဆိုတာကို ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပါဝင်ဆွေးနွေးနိုင်ကြမယ့် အဆင့်ကိုတော့ မရောက်သေးကြောင်း သူက ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုး အင်ဝုဒ်က ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။