ဗန်းမောက်မြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်
ဗန်းမောက်မြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်တပ်က မနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ညက ထုတ်ပြန်လာပါတယ်။ ဗန်းမောက်မြို့အနီးတဝိုက်က အင်းတော်နဲ့ ကသာ မြို့နယ်တွေမှာလည်းစစ်ရေးတင်းမာနေပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ခမ်းပတ်နဲ့ ကောလင်းမြို့တို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထိန်းချုပ်ထားပါတယ်။ NUG နဲ့တပ်ပေါင်းစုတွေ စိုးမိုးထားတဲ့ စစ်ကိုင်း အထက်ပိုင်းဒေသတွေထဲက ဗန်းမောက်မြို့ကို စစ်တပ်က ဘယ်လိုပြန်လည်ထိန်းချုပ်နိုင်တာလဲ။ ဒီအပေါ် ဒေသခံတွေက ဘယ်လိုတုံ့ပြန်နေပါသလဲ။ အပြည့်အစုံကို မသီဒါနွယ်က ပြောပြပေးပါမယ်။



