ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်
ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ နဲ့ NLD အစိုးရလက်ထက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီ ဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးကုသခွင့် မရရှိဘဲ အကျဥ်းစံဘဝကို ဖြတ်သန်းခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံရုံးနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့က ထုတ်ပြန်ပါတယ်။ ဒီအကြောင်းကို မစန္ဒာဝင်းက ပြောပြပါမယ်။



