ဖလော်ရီဒါမှာ လူ သန်းနဲ့ ချီ မုန်တိုင်းရှောင်
ဖလော်ရီဒါမှာ လူ သန်းနဲ့ ချီ မုန်တိုင်းရှောင်
အမေရိကန် ပြည်ထောင်စုက ဖလော်ရီဒါပြည်နယ်ကို သမိုင်းတလျှောက် အင်အားအပြင်းဆုံး မုန်တိုင်းကြီး တခု ချဉ်းကပ်လာနေတဲ့အတွက် ပြည်နယ်တွင်း နေထိုင်ကြတဲ့ လူပေါင်း ၆ သန်း နီးပါးကို ဘေးလွတ်ရာကို ရွှေ့ခိုင်းထားရပါတယ်။ ဟာရီကိန်း မုန်တိုင်း မေလ်တန်ဟာ မက္ကဆီကို ပင်လယ်ကွေ့ပေါ်က ဖြတ်ကျော် တိုက်ခတ်လာရင်းနဲ့ အင်အားရော အရွယ်အစားပါ တစစ ကြီးမားလာနေပြီး တမ်ပါမြို့ဆီကို ဦးတည်လာနေပါတယ်။ မိုးလေဝသ ပညာရှင်တွေကတော့ မေလ်တန် မုန်တိုင်းဟာ ဒီကနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဖလော်ရီဒါဟာ လွန်ခဲ့တဲ့ ၂ ပတ်ကမှ ဟာရီကိန်း မုန်တိုင်း ဟယ်လီန်း ဝင်ရောက် တိုက်ခတ်တာကို ခံခဲ့ရပြီး အခုမှ အဲဒီ မုန်တိုင်း ချန်ခဲ့တဲ့ အပျက်အစီးတွေ ရှင်းလင်းနေတုန်း ဖြစ်ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။



