ဂါဇာထဲကို ပါလက်စတိုင်းတွေ ထောင်သောင်းချီပြီး ပြန်လည် ဝင်ရောက်

ဗီဒီယို ပုံစာ, ဂါဇာထဲကို ပါလက်စတိုင်းတွေ ထောင်သောင်းချီပြီး ပြန်လည် ဝင်ရောက်
ဂါဇာထဲကို ပါလက်စတိုင်းတွေ ထောင်သောင်းချီပြီး ပြန်လည် ဝင်ရောက်

ဂါဇာကို နှစ်ပိုင်း ခြားထားသလို ဖြစ်နေတဲ့ စစ်ရေး အချက်အခြာကျတဲ့ ဇုန်တွေကနေ အစ္စရေးတပ်တွေ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်တာကြောင့် တချိန်တည်းမှာပဲ ဂါဇာထဲကို ပါလက်စတိုင်းတွေ ထောင်သောင်းချီပြီး ပြန်လည် ဝင်ရောက်လာနေကြပါတယ်။

၂၀၂၃ အောက်တိုဘာလ ၇ ရက် ဟားမတ်စ်ရဲ့ အစ္စရေးထဲ ဝင်ရောက်တိုက်ခိုက်မှုတွေ နောက်ပိုင်းမှာ စခဲ့တဲ့ စစ်ပွဲတွေ အတွင်း ဂါဇာထဲက လူပေါင်း ၇ သိန်းလောက် စစ်ဘေးရှောင်ပြေးခဲ့ကြရပါတယ်။ ဂါဇာကမ်းမြောင်ရဲ့ မြောက်ပိုင်းကို နက်ဇာရင် စင်္ကြံက တောင်ပိုင်းနဲ့ ခြားပေးထားတာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်အကြား ရယူခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်အရ အစ္စရေးက အဲဒီ မဟာဗျူဟာကျ လမ်းမပေါ်ကနေ ဆုတ်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးက ဘီဘီစီနဲ့ တခြား နိုင်ငံတကာ သတင်းဌာနတွေကို ဂါဇာထဲကို ဝင်ရောက် သတင်းယူ သတင်းပေးပို့ခွင့်တွေ မပြုပေးထားပါဘူး။ ဘီဘီစီသတင်းထောက် ဝိုင်ယာ ဒေးဗိစ် ဂျေရုဆလင်မြို့က နေပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။