တောင်ကိုရီးယား လေယာဉ်ပျက်မှု ၁၇၉ ဦးသေဆုံး
တောင်ကိုရီးယား ယာယီ သမ္မတ ချွဲ ဆန် မော့ခ်က နိုင်ငံတွင်းက လေကြောင်း ခရီးသွားလာရေး လုပ်ငန်း တခုလုံးကို ဘေးကင်းလုံခြုံမှုပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ အရေးပေါ် စစ်ဆေးမှုတွေလုပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ တနင်္ဂနွေနေ့က တောင်ကိုရီးယားက မူအန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ချေဂျူးအဲ ရဲ့ ဘိုးရင်း 737 လေယာဉ်ဟာ ပြေးလမ်းအဆုံးက နံရံနဲ့ ဝင်တိုက်မိပြီး ပေါက်ကွဲကာ လေယာဉ်ပေါ် ပါသူ ၁၇၉ ဦးသေဆုံးခဲ့ရပြီးနောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်ပေါက်ကွဲမှုမှာ လေယာဉ်အမှုထမ်း ၂ ဦး ပဲ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
လေယာဉ် ဒီလို ပျက်ကျ ပေါက်ကွဲရတာနဲ့ ပတ်သက်လို့ ဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာနဲ့ လေယာဉ်မောင်းခန်းက အသံဖမ်းစက်တွေကိုတော့ ရရှိထားပြီလို့ သိရပါတယ်။ အာဏာပိုင်တွေကတော့ လေယာဉ်မပျက်ကျခင်မှာ လေယာဉ်မှူးက ငှက်နဲ့ ဝင်တိုက်မိတယ်လို့ သတင်းပို့ခဲ့ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အခြေအနေကိုတော့ သေသေချာချာ မပြောနိုင်သေးပါဘူး။
အဲဒီ လေယာဉ်ပျက်ကျမှု နဲ့ ပတ်သက်လို့ နောက်ဆုံးဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေကို ဘီဘီစီ သတင်းထောက် ရူးပတ် ဝင်းဖီးလ်ဒ် ဟေးစ် သတင်းပေးပို့ထားတာကို ကိုကျော်ဇေယျကပြောပြမှာပါ။



