ငလျင် အပျက်အစီးတွေကို သွပ်ပြားကာရံဖို့ မန်းစည်ပင် ညွှန်ကြားနေ

ဗီဒီယို ပုံစာ, ငလျင် အပျက်အစီးတွေကို သွပ်ပြားကာရံဖို့ မန်းစည်ပင် ညွှန်ကြားနေ
ငလျင် အပျက်အစီးတွေကို သွပ်ပြားကာရံဖို့ မန်းစည်ပင် ညွှန်ကြားနေ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး ဖြစ်ပွားပြီး တစ်လကျော်အတွင်း မန္တလေးမှာ ‌ဖြိုဖျက်ထားတဲ့ အဆောက်အအုံတွေကို အမြင်တင့်တယ်အောင် သွပ်ပြားတွေနဲ့ ကာရံဖို့ ဆိုပြီး မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက မေလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြိုကျခဲ့တဲ့ အဆောက်အအုံတွေကို ဖယ်ရှားရှင်းလင်းမှုတွေ မလုပ်နိုင် သေခင်း အချိန်မှာ ဒီညွှန်ကြားချက်ကြောင့် ဒေသခံတွေဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြပါတယ်။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးမှာပါ။