မြန်မာငလျင် - မန္တလေးနဲ့ စစ်ကိုင်းက ငလျင်ဒဏ်သင့်ပုံရိပ်များ

ဧပြီ ၂ ရက် မန္တလေးမြို့ မြင်ကွင်းများ။
ဓာတ်ပုံ ပုံစာ, ဧပြီ ၂ ရက် ငလျင်ဒဏ်သင့်မန္တလေးမြို့ မြင်ကွင်းများ။

မြန်မာက နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းစတဲ့ ဒေသတွေအပြင် ဒေသ ၆ ခုထက်မနည်းမှာ မတ် ၂၈ ရက် နေ့လယ်ပိုင်းက ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတာ ၅ ရက်မြောက်နေ့ ရှိပြီဖြစ်ပါတယ်။

ငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့က ဧပြီ ၂ ရက် မြင်ကွင်းတွေကို မြေပြင်မှာရှိနေတဲ့ ဘီဘီစီက အဖွဲ့က မှတ်တမ်းတင်ထားပါတယ်။

ဧပြီ ၂ ရက် ငလျင်ဒဏ်သင့် မန္တလေးမြို့မြင်ကွင်းများ။
ဓာတ်ပုံ ပုံစာ, ဧပြီ ၂ ရက် ငလျင်ဒဏ်သင့် မန္တလေးမြို့မြင်ကွင်းများ။
ဧပြီ ၂ ရက် ငလျင်ဒဏ်သင့်မန္တလေးမြို့ မြင်ကွင်းများ။
ဓာတ်ပုံ ပုံစာ, ဧပြီ ၂ ရက် ငလျင်ဒဏ်သင့်မန္တလေးမြို့ မြင်ကွင်းများ။

မန္တလေးမြို့နေရာအများစုမှာ ပြိုကျပျက်စီးခဲ့တဲ့ အိမ်တွေနဲ့ အဆောက်အဦတွေကို ပြန်လည်ပြင်ဆင်နိုင်တာမရှိသေးတာတွေ့ရပါတယ်။ လူအများလည်းနေထိုင်နိုင်တာမရှိသေးဘဲ ပြန်လည်ထူထောင်ရေးလိုအပ်နေတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက် ငလျင်ဒဏ်သင့်မန္တလေးမြို့ မြင်ကွင်းများ။
ဓာတ်ပုံ ပုံစာ, ဧပြီ ၂ ရက် ငလျင်ဒဏ်သင့်မန္တလေးမြို့ မြင်ကွင်းများ။
ဧပြီ ၂ ရက် ငလျင်ဒဏ်သင့်မန္တလေးမြို့ မြင်ကွင်းများ။
ဓာတ်ပုံ ပုံစာ, ဧပြီ ၂ ရက် ငလျင်ဒဏ်သင့်မန္တလေးမြို့ မြင်ကွင်းများ။

မန္တလေးအပြင် စစ်ကိုင်းမြို့ ပေါ် မှာ အပျက်အစီးနဲ့ သေဆုံးမှုများနေသလို လူသူအရောက်နည်းပြီး သာသနာ့မြေအဖြစ် ထင်ရှားတဲ့ စစ်ကိုင်းတောင်ရိုးပေါ်မှာလည်း ရေ၊ အစားအစာ၊ခြင်ထောင်၊ ဆေးဝါးစတာတွေလိုအပ်ချက်မြင့်နေပါတယ်။

အထူးသဖြင့် သံဃာတော်တွေနဲ့ သီလရှင်တွေအများဖြင့်ရှိနေတာကြောင့် လိုအပ်ချက်တွေပိုများနေသလို သေဆုံးရုပ်အလောင်းတွေလည်း ရှိနေလို့ ကယ်ဆယ်ရှင်းလင်းရေးတွေလုပ်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

ငလျင်ကြောင့်လမ်းပိုင်းတွေမှာ အက်ကွဲကြောင်းတွေဖြစ်ခဲ့တဲ့စစ်ကိုင်းမြို့အဝင်လမ်း။
ဓာတ်ပုံ ပုံစာ, ငလျင်ကြောင့်လမ်းပိုင်းတွေမှာ အက်ကွဲကြောင်းတွေဖြစ်ခဲ့တဲ့စစ်ကိုင်းမြို့အဝင်လမ်း။
စစ်ကိုင်းမြို့က စေတီပုထိုးတွေပျက်စီးနေတဲ့မြင်ကွင်းများ။
ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့က စေတီပုထိုးတွေပျက်စီးနေတဲ့မြင်ကွင်းများ။
စစ်ကိုင်းမြို့က စေတီပုထိုးတွေပျက်စီးနေတဲ့မြင်ကွင်းများ။
ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့က စေတီပုထိုးတွေပျက်စီးနေတဲ့မြင်ကွင်းများ။
စစ်ကိုင်းမြို့အဝင်က စစ်ကောင်စီလုံခြုံရေးဂိတ်။
ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့အဝင်က စစ်ကောင်စီလုံခြုံရေးဂိတ်။

စစ်ကောင်စီရဲ့ ဧပြီ ၂ ရက် ထုတ်ပြန်ချက်မှာတော့ ငလျင်ဒဏ်ကြောင့် သေဆုံး ၂၈၈၆ ဦး ဒဏ်ရာရသူ ၄၆၃၉ ဦး နဲ့ ပျောက်ဆုံးနေသူ ၃၇၃ ဦး ရှိနေတယ်လို့ ပြောထားပါတယ်။

စစ်ခေါင်းဆောင်ကလည်း နိုင်ငံတကာအကူအညီတွေပေးဖို့ တောက်လျှောက်ပြောနေပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကနေလည်း ငလျင်အလှူငွေ ဘီလျံ(၁၂ဝ)နီးပါး စစ်ကောင်စီက လက်ခံရရှိထားပါတယ်။