ဟဇ်ဘိုလာတွေ သုံးတဲ့ ပေဂျာတွေ တပြိုင်တည်းပေါက်ကွဲ

ဗီဒီယို ပုံစာ, ဟဇ်ဘိုလာတွေ သုံးတဲ့ ပေဂျာတွေ တပြိုင်တည်းပေါက်ကွဲ
ဟဇ်ဘိုလာတွေ သုံးတဲ့ ပေဂျာတွေ တပြိုင်တည်းပေါက်ကွဲ

လက်ဘနွန်မှာ အင်္ဂါနေ့ က ဟဇ်ဘိုလာ အဖွဲ့ဝင်တွေ သုံးကြတဲ့ ပေဂျာတွေ တပြိုင်တည်းလိုလိုမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် အဲဒီက ဆေးရုံတွေမှာလည်း လူနာတွေ နဲ့ မနိုင်မနင်းဖြစ်သွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၃၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ တချို့လည်း အမြင်အာရုံ ဆုံးရှုံးသလို တချို့ကတော့ လက်ချောင်းတွေ ပြတ် တချို့ဆို ဖြတ်ပစ်ရတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

ဂရေဟမ်ဆက်ချဲလ် ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြပေးပါလိမ့်မယ်။ သတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်နိုင်တဲ့ ပုံရိပ်တွေ ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။