အစ္စရေး ဝန်ကြီးချုပ်ကို အိုင်စီစီ ဖမ်းဝရမ်း ထုတ်မှု အမေရိကန် ဝေဖန်
အစ္စရေး ဝန်ကြီးချုပ်ကို အိုင်စီစီ ဖမ်းဝရမ်း ထုတ်မှု အမေရိကန် ဝေဖန်
နိုင်ငံတကာ ရာဇဝတ် တရားရုံး အိုင်စီစီက အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဝရမ်း ထုတ်လိုက်တဲ့ ကိစ္စဟာ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ ဂါဇာထဲမှာ အစ္စရေးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ကို အိုင်စီစီက ဝရမ်း ထုတ်ပြန်ခဲ့တာပါ။ အိုင်စီစီတရားရုံးဟာ ဘက်လိုက်ပြီး လူသားတွေရဲ့ ရန်သူ ဖြစ်တယ်လို့လည်း မစ္စတာ နေတန်ညာဟု က ပြန်လည် ပြစ်တင် လိုက်ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအဗ် ဂါလန့်ကိုလည်း အိုင်စီစီက ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆန် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။



