စစ်ကောင်စီက ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း
စစ်ကောင်စီက ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း
နိုင်ငံခြားသားတွေကို လုံခြုံရေးဝန်ထမ်းအဖြစ် ခန့်အပ်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို အကာအကွယ်ပြုနိုင်ဖို့ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ ထူထောင်ဖို့ ပြင်ဆင်တာတွေရှိနေချိန်မှာ ဒီဥပဒေထွက်ပေါ်လာတာပါ။ အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။



