စစ်တပ်နဲ့ အပစ်ရပ်မယ်လို့ TNLA ကြေညာ

ဗီဒီယို ပုံစာ, စစ်တပ်နဲ့ အပစ်ရပ်မယ်လို့ TNLA ကြေညာ
စစ်တပ်နဲ့ အပစ်ရပ်မယ်လို့ TNLA ကြေညာ

တရုတ်ကြားဝင်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့ကပြုလုပ်ခဲ့တဲ့ စစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ (၉) ကြိမ်မြောက် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ TNLA ဆုတ်ခွာရမှာဖြစ်ပြီး နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ နှစ်ဖက်ညှိနှိုင်းပြီး အခုလို လက်မှတ် ရေးထိုးခဲ့တာပါ။ ဒီအပေါ် ဒေသခံတွေ ဘယ်လိုမြင်လဲ၊ အခြားတော်လှန်ရေးအဖွဲ့တွေကရော ဘာပြောပါလဲ။ ဒီအကြောင်း မစန္ဒာဝင်း က ပြောပြပေးပါမယ်။