နစ်ကိုလပ်စ် မဒူရိုကို နယူးယောက်မှာ ရုံးထုတ်

ဗီဒီယို ပုံစာ, နစ်ကိုလပ်စ် မဒူရိုကို နယူးယောက်မှာ ရုံးထုတ်
နစ်ကိုလပ်စ် မဒူရိုကို နယူးယောက်မှာ ရုံးထုတ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကက အမေရိကန်နဲ့ ဗင်နီဇွဲလား တို့ စစ်ဖြစ်မနေဘူးလို့ ပြောပါတယ်။ တခါ သူကသာ ဗင်နီဇွဲလားကို ထိန်းချုပ် ကွပ်ကဲနေသူ ဖြစ်တယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ အန်ဘီစီ သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပြီး ရွေးကောက်ပွဲ ခပ်မြန်မြန် ကျင်းပဖို့ ကိစ္စကိုလည်း ပယ်ချလိုက်သလို တိုင်းပြည်ကို အရင် ပြုပြင်တည့်မတ်ပေးရဦးမယ်လို့ ပြောခဲ့ပါတယ်။

ဗင်နီဇွဲလားရဲ့ အရင်သမ္မတ နီကိုလပ်စ် မဒူရိုရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒဲလ်စီ ရော့ဒရီးဂတ်စ်က ဗင်နီဇွဲလား သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်ကလေးမှာပဲ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မနေ့ညကတော့ သမ္မတဟောင်း နီကိုလပ်စ်မဒူရိုနဲ့ ဇနီးဖြစ်သူတို့ကို နယူးယောက်က တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ကြပါတယ်။ မစ္စတာ မဒူရိုက သူဟာ စစ်သုံ့ပန်း ဖြစ်တယ်လို့ ပြောခဲ့သလို ဗင်နီဇွဲလားရဲ့ လက်ရှိသမ္မတလည်း ဖြစ်နေသေးတယ်လို့ ပြောခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဝေဂရန့်ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။