တရုတ်မြေရှားထုတ်လုပ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
တရုတ်မြေရှားထုတ်လုပ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
လူတွေရဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ဖြစ်ကြတဲ့ စမတ်ဖုန်းနဲ့ ရုပ်မြင်သံကြား စက်တွေရဲ့ ဖန်သားပြင်တွေမှာ အသုံးပြုတဲ့ မြေရှားသတ္တု ထုတ်လုပ်မှုတွေကို တရုတ်က လွှမ်းမိုး ချုပ်ကိုင်ထားပါတယ်။ ဘေကျင်းရဲ့ ဈေးကွက်အတွင်း ကြီးစိုးထားနိုင်မှုရဲ့ နောက်ကွယ်မှာ သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်ဆိုတာကိုလည်း ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။
ဘီဘီစီသတင်းထောက် လော်ရာဘစ်ကာဟာ တရုတ်ပြည်တွင်းက မြေရှားသတ္တု ထုတ်လုပ်တဲ့ အကြီးဆုံး သတ္တုတွင်းကြီးတွေ ရှိတဲ့ မြောက်ပိုင်းက မွန်ဂိုလီယား ကုန်းတွင်းပိုင်းနဲ့ တောင်ပိုင်းက ကျန်းရှိ ပြည်နယ်တွေကို သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီမှာ သတ္တုတူးဖော်မှုကြောင့် ရေထုညစ်ညမ်းမှု၊ မြေဆီလွှာ ပြုန်းတီးပျက်စီးမှုတွေလို အဆိပ်အတောက် ဖြစ်စေတဲ့ ဆိုးမွေတွေ ကျန်နေတာကို တွေ့ရှိခဲ့ရပါတယ်။ သူ့သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။



