ယာယီသမ္မတဦးမြင့်ဆွေ ဆေးကုသမှုခံနေကြောင်း စစ်တပ် ထပ်မံ ထုတ်ပြန်
ယာယီသမ္မတဦးမြင့်ဆွေ ဆေးကုသမှုခံနေကြောင်း စစ်တပ် ထပ်မံ ထုတ်ပြန်
ယာယီသမ္မတဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေအတွက် ဆေးကုသမှုခံနေတဲ့ အကြောင်းကို စစ်တပ်က ထပ်မံထုတ်ပြန်လာပါတယ်။ စစ်တပ်မှာ ထိပ်ပိုင်းဆောင်တွေရဲ့ကျန်းမာရေးအခြေအနေကို ဒီလိုထုတ်ပြန်လေ့မရှိပါဘူး။ ဒါပေမဲ့ စစ်ခေါင်းဆောင်က အရေးပေါ်ကာလသက်တမ်းခြောက်လထပ်တိုးဖို့ ၂၀၂၄ ဇူလိုင် လကုန်မှာတော့ ပထမဆုံးအကြိမ် ဦးမြင့်ဆွေ ဆေးကုသမှုခံယူနေရပြီး ဆေးခွင့်ရက်ရှည်ယူထားရတယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ခဲ့ပြီး စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ ရဲ့ လူယုံဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေက ဘယ်လိုလူမျိုးပါလဲ။ ဒီအကြောင်း ကိုဝေဖြိုး ပြောပြမှာပါ။



