ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားမှု နယ်စပ်အခြေအနေ
ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားမှု နယ်စပ်အခြေအနေ
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား အပစ်ရပ်ထားတာ ၁ လ ကျော်ကြာလာပြီ ဖြစ်ပေမဲ့ နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက နှစ်နိုင်ငံအကြား ၅ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ရာမှာ လူ ၄၀ ထက်မနည်းသေဆုံးပြီး ထောင်ပေါင်းများစွာ စစ်ဘေးရှောင်ပြေးခဲ့ရပါတယ်။ ထိုင်းနဲ့ စာရင် နိုင်ငံ အရွယ် ငယ်တဲ့ ကမ္ဘောဒီးယားဟာ နိုင်ငံတကာရဲ့ စာနာမှုကို ရဖို့ ကြိုးစားနေပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို အဲဒီ နယ်စပ်ဒေသတွေထဲ ဖိတ်ခေါ်ပြသခဲ့ပါတယ်။ ကိုဝေဖြိုးက ပြောပြမှာပါ။



