ကယ်လီဖိုးနီးယား တောမီးကြောင့် ၅ ယောက်ထက် မနည်းသေဆုံး

ဗီဒီယို ပုံစာ, ကယ်လီဖိုးနီးယား တောမီးကြောင့် ၅ ယောက်ထက် မနည်းသေဆုံး
ကယ်လီဖိုးနီးယား တောမီးကြောင့် ၅ ယောက်ထက် မနည်းသေဆုံး

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်က တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၅ ယောက် အထိ သေဆုံးခဲ့ရပြီး၊ လော့စ် အိန်ဂျလိစ် မြို့က လူပေါင်း တစ်သိန်း ကျော်ကိုလည်း အရေးပေါ် နေရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

မနေ့ညက ဟောလီးဝုဒ် တောင်ကုန်း မှာလည်း တောမီးလောင်ကျွမ်းမှုတွေကြောင့် အဲဒီမှာ နေကြတဲ့လူတွေဟာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ တောမီးကို ငြိမ်းသတ်ဖို့ ကြိုးစားရမှာလည်း လေပြင်း တိုက်ခတ်မှု၊ ခြောက်သွေ့တဲ့ အခြေအနေနဲ့ ရေအားနည်းတဲ့ အခြေအနေတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန် လည်း သူ့ရဲ့ အီတလီ ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး သမ္မတ သက်တမ်းကာလ နောက်ဆုံး အချိန်မှာ တောမီးလောင်ကျွမ်းမှုကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဟယ်လင်နာ ဟမ်းဖရေးရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။