ကျောက်ဆည်မှာ ငလျင်ကြောင့် မူကြိုကျောင်းပြိုကျ
ကျောက်ဆည်မှာ ငလျင်ကြောင့် မူကြိုကျောင်းပြိုကျ
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့အထဲမှာ မန္တလေးတိုင်းထဲက ကျောက်ဆည်မြို့လည်း ပါဝင်ပါတယ်။ ငလျင်လှုပ်ပြီး လေးရက်ကြာတဲ့ မတ်လ ၃၁ ရက်နေ့အထိ မြို့တွင်းအပျက်အစီးတွေ ပြည့်နေဆဲဖြစ်ပါတယ်။ ကလေးငယ် ၁၂ ဦးနဲ့ ဆရာမတစ်ဦးသေဆုံးခဲ့ရတဲ့ ကျောက်ဆည်က ပုဂ္ဂလိက မူကြိုကျောင်းလေးဆီ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မသူဇာလင်းက ပြောပြမှာပါ။



