မြန်မာ့အရေး ကုလလုံခြုံရေး ကောင်စီ ဆွေးနွေး

ဗီဒီယို ပုံစာ, မြန်မာ့အရေး ကုလလုံခြုံရေး ကောင်စီ ဆွေးနွေး
မြန်မာ့အရေး ကုလလုံခြုံရေး ကောင်စီ ဆွေးနွေး

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့က တံခါးပိတ် ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို ကမကထလုပ် ခေါ်ယူတဲ့ ကုလဆိုင်ရာ ယူကေ ယာယီသံအမတ်က မြန်မာရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်မှု ရှိမယ့် အရိပ်အယောင် မတွေ့ရဘူးလို့ ဆွေးနွေးပွဲအပြီး သတင်းမီဒီယာတွေကို ပြောပါတယ်။ မြန်မာ ရွေးကောက်ပွဲအပေါ် ယူကေနဲ့ နိုင်ငံတကာရဲ့ သဘောထား အမြင်တွေ ဘယ်လို ရှိနေလဲ။ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ ဘက်ကရော လာမယ့် ရွေးကောက်ပွဲကို ဘယ်လောက်အထိ မျှော်လင့်နေကြပါသလဲ။ ဒီအကြောင်း ကိုဝေဖြိုး စုစည်းပြောပြပေးမှာပါ။