တစ်ပတ်မှာ ၇၅ နာရီ လုပ်ရတဲ့ တရုတ်ဖက်ရှင်လုပ်ငန်း
တရုတ်ပြည်က ဖက်ရှင်လုပ်ငန်းကြီး တခုဖြစ်တဲ့ ရှီအင်ရဲ့ အထည်ချုပ် စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ စက်ရုံလုပ်သားတွေဟာ သီတင်း ၁ ပတ်ကို ၇၅ နာရီအထိ လုပ်နေကြရတာကို ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။ ဒါဟာ တရုတ်ပြည်ရဲ့ အလုပ်သမား ဥပဒေတွေနဲ့ ငြိစွန်းနေပါတယ်။ နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာတော့ ဒီလို နာရီအများကြီး လုပ်ရတာက သိပ်အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် အခု ဘီဘီစီရဲ့ စုံစမ်းတွေ့ရှိမှုတွေကြောင့် တရုတ်ပြည်က စက်ရုံအလုပ်ရုံတွေမှာ ရှိနေတဲ့ လုပ်ငန်းစီမံအုပ်ချုပ်မှုတွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထပ်တိုးလာနိုင်ပါတယ်။ ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာက အဲဒီက ရှီအင်ကျေးရွာလို့ ခေါ်ကြတဲ့ နေရာမှာ မိုးလင်းကနေ မိုးချုပ်အထိ လုပ်လုပ်နေရတဲ့ အလုပ်သမားတွေနဲ့ တွေ့ဆုံ ပြီး သူတို့ ကုမ္ပဏီက ဒီလို ဈေးချိုတဲ့ အဝတ်အထည်တွေ ဘယ်လို ချုပ်လုပ်ပေးနေသလဲဆိုတာကို မေးမြန်းထားပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။



