မြန်မာ မြို့ပေါင်း ၁၀ မြို့ထက်မနည်းမှာ ရေကြီး
မြန်မာ မြို့ပေါင်း ၁၀ မြို့ထက်မနည်းမှာ ရေကြီး
အခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းနေပြီး ရုတ်တရက် မြစ်ရေတိုးလာမှုနဲ့အတူ မြို့ပေါင်း ၁၀ မြို့ထက်မနည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်ထဲက ကုန်းစောင်းရွာမှာ တောင်ကျရေကြောင့် ဒေသခံ ၁၀ ဦး ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။ တောင်ငူမှာလည်း ၃ ဦး ပျောက်ဆုံးနေပါတယ်။ နောက် ၃ ရက်အထိလည်း မိုးများပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ရေလွှမ်းမိုးမှု အမြင့်ဆုံးလို့ သတ်မှတ်တဲ့ အနီရောင် အဆင့်မှာ ဆက်ရှိနေမယ်လို့ မိုးဇလ သုတေသီတွေက ခန့်မှန်းထားပါတယ်။ အပြည့်စုံကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။



