ဂါဇာဒေသမြောက်ပိုင်းကို ဟားမတ်စ်တို့ လက်လွှတ်လိုက်ရ

ဗီဒီယို ပုံစာ, ဂါဇာဒေသမြောက်ပိုင်းကို ဟားမတ်စ်တို့ လက်လွှတ်လိုက်ရ
ဂါဇာဒေသမြောက်ပိုင်းကို ဟားမတ်စ်တို့ လက်လွှတ်လိုက်ရ

ဂါဇာဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဂါဇာမြို့ကလမ်းမတွေပေါ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ ဂါဇာဒေသမြောက်ပိုင်းကို ဟားမတ်စ်တို့ လက်လွှတ်လိုက်ရပြီလို့ အစ္စရေးဘက်က ပြောပါတယ်။ နေရာအတော်များများ ထိခိုက်ပျက်စီးခဲ့တဲ့ အဲဒီ ဂါဇာမြောက်ပိုင်းကို အစ္စရေးစစ်တပ်နဲ့အတူ ဘီဘီစီရဲ့ နိုင်ငံတကာ သတင်းအယ်ဒီတာ ဂျယ်ရမီဘိုဝင် ရောက်နေပါတယ်။ အခုပြောမယ့် သတင်းဟာ ဘီဘီစီရဲ့ အယ်ဒီတိုးရီးယ်မူဝါဒကို မထိပါးဘဲ တင်ဆက်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးစစ်တပ် ရဲ့ ပုံရိပ်တွေပါတဲ့ တချို့ပုံတွေကိုတော့ သူတို့ရဲ့ စိစစ်သဘောတူချက်နဲ့ ဖော်ပြထားပါတယ်။ ကိုဝေဖြိုးက ပြောပြမှာပါ။