ဂါဇာအပစ်ရပ်ရေး ဘယ်လောက်နီးသလဲ

ဗီဒီယို ပုံစာ, ဂါဇာအပစ်ရပ်ရေး ဘယ်လောက်နီးသလဲ
ဂါဇာအပစ်ရပ်ရေး ဘယ်လောက်နီးသလဲ

ယီမင်ထဲက အီရန် ထောက်ပံ့ပေးထားတဲ့ ဟူသီတွေက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက စပြီး ပင်လယ်နီထဲ ဖြတ်သန်းသွားလာနေကြတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။ သူတို့က ဂါဇာထဲက ပါလက်စတိုင်းတွေကို ထောက်ခံသောအားဖြင့် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ တကယ်တော့ အဲဒီ အရှေ့အလယ်ပိုင်း ဒေသထဲမှာ အီရန်ထောက်ပံ့ပေးနေတဲ့ လက်နက်ကိုင်တွေဟာ ဟူသီတွေတင် မကဘဲ တခြား အဖွဲ့တွေလည်း ရှိကြပါတယ်။ အခု ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ဗဟိုချက်က အစ္စရေးနဲ့ ဂါဇာထဲက ဟာမတ်စ် အဖွဲ့တွေ ဖြစ်ပြီး သူတို့ အကြားက အပစ်အခတ် ရပ်စဲဖို့ ဆိုတာကရော ဖြစ်နိုင်ခြေရှိသလား။ ဘီဘီစီ ရဲ့ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျရမီ ဘိုဝင်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။