အာရှနိုင်ငံတချို့မှာ မကြုံစဖူး ရေကြီး

ဗီဒီယို ပုံစာ, အာရှနိုင်ငံတချို့မှာ မကြုံစဖူး ရေကြီး
အာရှနိုင်ငံတချို့မှာ မကြုံစဖူး ရေကြီး

သီရိလင်္ကာ သမ္မတက သူတို့နိုင်ငံတွင်းမှာ သမိုင်းတလျှောက် အဆိုးဆုံး သဘာဝဘေးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ သီရိလင်္ကာမှာ ရေဘေးကြောင့် သေဆုံးသူ ၃၄၀ ထက်မနည်းရှိနေပြီ ဖြစ်ပါတယ်။ သမ္မတက တနင်္ဂနွေနေ့ ညနေပိုင်းက တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ရာမှာ ရေဘေးကြောင့် ပျက်စီးဆုံးမှု အင်မတန် ကြီးမားတာကြောင့် ပြန်လည် ထူထောင်ရေးတွေ အတော်လုပ်ယူရမှာ ဖြစ်ကြောင်း ပြောပါတယ်။ တချိန်တည်းမှာပဲ အင်ဒိုနီးရှားမှာလည်း ရေဘေးနဲ့ ရင်ဆိုင်နေရပြီး သေဆုံးသူ ဦးရေဟာလည်း ၅၀၀ ကျော်လာပြီ ဖြစ်ပါတယ်။ ဆူမတြားကျွန်း ပေါ်က တချို့ မြို့ကြီးတွေဆိုလည်း ခုထက်ထိ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လက်လှမ်းမမီ ဖြစ်နေပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုး အင်ဝုဒ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။