မြေရှားသတ္ထုကြောင့် ကန်-မြန်မာ ဆက်ဆံရေး တိုးတက်လာနိုင်မလား

ဗီဒီယို ပုံစာ, မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်မှာ မြေရှား အများအပြား ထွက်ရှိ
မြေရှားသတ္ထုကြောင့် ကန်-မြန်မာ ဆက်ဆံရေး တိုးတက်လာနိုင်မလား

အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်း ရဲ့ ဆောင်းပါးကဏ္ဍမှာ အမေရိကန် အနေနဲ့ မြေရှားသတ္တုရရှိရေးအတွက် မြန်မာစစ်အစိုးရနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက် သင့်တယ်ဆိုတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ဖော်ပြထားပါတယ်။ အရင်ကလည်း အမေရိကန်အခြေစိုက် The Washington Times သတင်းစာ မှာ မြန်မာနိုင်ငံဟာ မြေရှားသယံဇာတအပါအဝင် မဟာဗျူဟာရေးရာတွေကြောင့် အမေရိကန်အနေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ဖူးပါတယ်။ ဒီလိုဆက်တိုက် ဖော်ပြပြောဆိုလာတဲ့ မြေရှားအကျိုးစီးပွားနဲ့ ချိတ်ဆက်တဲ့ မြန်မာ- အမေရိကန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သုံးသပ်ချက်တွေအကြောင်းတွေကို ကိုဘိုဘိုက ပြောပြပေးမှာပါ။