ဒလိုင်းလားမား လမ်းညွှန်မှုခံယူနေတဲ့ ရစ်ချတ်ဂီယာ

ဗီဒီယို ပုံစာ, ဒလိုင်းလားမား လမ်းညွှန်မှုခံယူနေတဲ့ ရစ်ချတ်ဂီယာ
ဒလိုင်းလားမား လမ်းညွှန်မှုခံယူနေတဲ့ ရစ်ချတ်ဂီယာ

ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် ရစ်ချက် ဂီယာဟာ ရုပ်ရှင် ရိုက်ကူးရေး မရှိရင် ဒလိုင်းလားမား ရဲ့ လမ်းညွှန်မှုနဲ့ ဗုဒ္ဓဘာသာအကြောင်း လေ့လာနေခဲ့သူ ဖြစ်ပါတယ်။ ဇူလိုင်လတုန်းက တိဗက် ဘာသာရေး ခေါင်းဆောင်ရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ရုပ်ရှင် တစ်ကားကို ဒလိုင်းလားမားနဲ့ ရစ်ချတ်ဂီယာတို့ ပူးပေါင်း ရိုက်ကူးခဲ့ကြပါတယ်။ ဒလိုင်းလားမားနဲ့ ရစ်ချတ်ဂီယာတို့ဟာ ဆယ်စုနှစ် ငါးခုနီးပါး အကြာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် အလင်း မက်ခ်ဘူးလ် ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးထားပါတယ်။