ဂါဇာမှာ အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ဒေါင်းဝေဒနာရှင်

ဗီဒီယို ပုံစာ, ဂါဇာမှာ အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ဒေါင်းဝေဒနာရှင်
ဂါဇာမှာ အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ဒေါင်းဝေဒနာရှင်

အင်္ဂါနေ့က ဂါဇာထဲမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေးကင်းလုံခြုံရာ နေရာမှာ နေထိုင်သူ ၁၇ ဦး အပါအဝင် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရပါတယ်။ အစ္စရေး စစ်တပ်က အရပ်ပြည်သူတွေကြား ပုန်းအောင်းနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဂါဇာမှာ စစ်ပွဲတွေ စတင်ခဲ့ပြီး နောက်ပိုင်း သေဆုံးခဲ့ရသူပေါင်း ၃၈၀၀၀ ကျော် နေပြီ ဖြစ်တယ်လို့ ဟားမတ်စ်ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စစ်ဖြစ်နေတဲ့ ရှူဂျိုင်ယာ ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဒေါင်း ဆင်ဒရုမ်း ဝေဒနာ ခံစားနေရတဲ့ လူငယ်တယောက်လည်း သေဆုံးခဲ့ရပါတယ်။ အဲဒီကို ဘီဘီစီ သတင်းထောက် ဖာဂါလ် ကီန်း သွားရောက် သတင်းယူထားတာကို ကိုကျော်ဇေယျက ပြန်ပြောပြမှာပါ။ အခုသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။