ဂါဇာထဲက ဘီဘီစီ သတင်းထောက်ရဲ့ နေ့စဉ် ဘဝ
ဂါဇာ စစ်ပွဲကြောင့် အဲဒီက ပြည်သူတွေ ဘယ်လောက် ထိခိုက်ခံစားခဲ့ရတယ် ဆိုတာကို သတင်းဖော်ပြဖို့ နိုင်ငံတကာ သတင်းထောက်တွေဟာ ဂါဇာမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိပါဘူး။ ဒါကြောင့် နယ်မြေခံ သတင်းထောက်တွေကိုသာ အလုံးစုံ အားကိုးနေရပါတယ်။ အစ္စရေးရဲ့ နေ့ည မပြတ် ဗုံးကြဲမှုတွေ၊ စားနပ်ရိက္ခာ ဖြတ်တောက်မှုတွေကြောင့် သတင်းထောက်တွေဟာလည်း အသက်နဲ့ ရင်းပြီး သတင်းပို့နေရတာ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ ဘီဘီစီ အာရဗီ ဘာသာစကား ဌာနက အဒ်နန် အယ် ဘာ့ရှ် တစ်ယောက်လည်း အပါအဝင်ပါ။ ဂါဇာ စစ်ပွဲမှာ သတင်းရယူရင်း သတင်းထောက် ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ၂၂ ယောက်ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့လည်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေ ဘေးကင်းလုံခြုံဖို့ ကြိုးစားရင်းနဲ့ ဂါဇာထဲက သူ့ရဲ့ နေ့စဉ်ဘဝ အကြောင်းကို ဗီဒီယိုမှတ်တမ်း တင်ထားခဲ့တဲ့ အကြောင်းကို ကြည့်ရအောင်ပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။



