မြစ်ကြီးနားမှာ မိုးကြီးပြီး မြစ်ရေလျှံကာ ရေဘေးနဲ့ ရင်ဆိုင်နေရ
မြစ်ကြီးနားမှာ မိုးကြီးပြီး မြစ်ရေလျှံကာ ရေဘေးနဲ့ ရင်ဆိုင်နေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မိုးကြီးပြီး မြစ်ရေလျှံတာကြောင့် ရပ်ကွက် အများ အပြားမှာ ရေဘေးသင့်နေကြပါတယ်။ လတ်တလောမှာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၄ ပေ ကျော်နေပြီး နောက် ၂၄ နာရီအတွင်းမှာ ၇ ပေ အထိ ရှိလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ရေကြီးမှုအတွင်း ဒေသခံတချို့ ပိတ်မိနေပြီး ကယ်ဆယ်ရေး အင်အားလည်း လုံလောက်မှု မရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေကိုမသင်းသင်းနွယ်က ပြောပြပါမယ်။



